“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ “စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်” ကို အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ စာပေဗိမာန်အဆောက်အအုံ (ပထမထပ်) ၌ ဖွင့်လှစ်ထားပါသည်။
၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
(၇၅) ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ စုပေါင်း မဟာဘုံကထိန်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်၊ စာဆိုတော်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆု ဆုနှင်းသဘင်ကျင်းပခြင်း (၇၅) ကြိမ်မြောက် စိန်ရတုကို ကြိုဆိုသောအားဖြင့် “အမျိုးသားစာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြို စာပေစကားဝိုင်း” ကို ၈-၁၁-၂၀၂၄ (သောကြာနေ့) နံနက် ၁၁ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၇-၁၁-၂၀၂၄ (ကြာသပတေးနေ့) မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်နှင့် စာပေဆုရွေးချယ်ရေးဆိုင်ရာ ပညာရှင်များသည် စာပေဆိုင်ရာဆွေးနွေးပွဲကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် တနင်္လာနေ့ နံနက် ၁၀ : ၀၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် စာပေဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ : ၀၀ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Copyright © 2026. All rights reserved