အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း (PFP) အစီအစဉ်
၂။ ပြည်သူများအနေဖြင့် ဝန်ဆောင်မှုရယူခဲ့သည့် ဌာန/အဖွဲ့အစည်းထံမှ မိမိတို့၏ လက်ကိုင် ဖုန်းများသို့ ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ Short Code နံပါတ် “1111” အသုံးပြု၍ SMS များ ပေးပို့မေးမြန်းလာပါက မှန်ကန်စွာ ပြန်လည်ဖြေကြား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်း အရည်အသွေးနှင့် လိုအပ်ချက်များကို အချိန်မီပြုပြင်နိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ရရှိလာမည်ဖြစ်သည်။