ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များကို ဉာဏ် ပူဇော်ခများ ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ရုံးချုပ်၌ ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက စာပေဆုရွေးချယ်ရေးအဖွဲ့ဝင် စာပေပညာရှင်များကို ဉာဏ်ပူဇော်ခများ ချီးမြှင့်ခဲ့ သည်။ ထို့နောက် စာပေပညာရှင်များက အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ပြီး အခမ်းအနား ကို ရုပ်သိမ်းခ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၁-၁၂-၂၀၂၅ (ကြာသပတေးနေ့) မွန်းလွဲ ၁ : ၀၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၏ ၂ဝ၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်း သဘင်ပွဲ အခမ်းအနားပွဲကို ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက် (ကြာသပတေးနေ့) တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ : ၃၀ နာရီမှ မွန်းလွဲ ၁၂ : ၃၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။
Copyright © 2026. All rights reserved