ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 28,2020
ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်​ဆောင် မိခင်များနှင့် ၄င်းတို့မှ​ မွေးဖွားလာသည့် အသက်(၂)နှစ်​အောက် က​လေးငယ်များအား​ ထောက်​ငွေပေးအပ်ခြင်းကို ယ​နေ့နံနက်(၈)နာရီအချိန်က ဖားစည် သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 28,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထလာမန်းနှင့်အဖွဲ့ဝင်များသည် မဲစာရင်းများ တိကျမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 28,2020
ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ်( ၂ ) နာရီက မူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Aug 28,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့‌‌သည့်ငွေများကို ယနေ့နံနက် (၈) နာရီက ပန်နန်းဒင်ရှိ အိမ်ထောင်စု (၁၀) စုအတွက် အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 28,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၇၅)စုအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ တောင်သူဦးညွှန့်မောင် ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၉)၊ စိုက်ဧက (၂.၅၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈) နာရီက ပြုလုပ်ခဲ့သည်။
Aug 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးသူငယ်များအား တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။