ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 21,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် HPV (Human Papilloma Virus) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လိုက်လံစာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
Aug 21,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 21,2020
မင်းတပ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၁)ခန်းမ၌ အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 21,2020
တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြားတွင် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ မောင်းနှင် သွားလာမှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၁)ရက်နေ့မှ စတင်ပြီး ယာဉ်ကြီးများ (၃တန်နှင့် အထက်ယာဉ်များ) သွားလာမှုကို ခေတ္တပိတ်ဆို့ထားမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။
Aug 21,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(ဝက်၊ အမဲနှင့် မြို့ဝင်ဘီးခွန်)အား ချိတ်ပိတ် တင်ဒါစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 21,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၁၁)ခုအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
Aug 21,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင် လုပ်ငန်းသုံးမျိုးအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့ပြီး ဖြစ်ပါသော်လည်း အကြောင်းကြောင်း ကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၁ ရက်အစား ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်သို့ လေလံရောင်းချမည့် သတ်မှတ်ရက်ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။
Aug 21,2020
တွန်းဇံမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် စည်ပင်သာယာရေး ကော်မတီရုံးခန်းတွင် ကျင်းပသည်။