ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 10,2020
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေငြာ ချက်အရ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာခဲ့ပြီး ယနေ့ နံနက် (၉)နာရီ အချိန်မှစ၍ ချီဖွေ အ.ထ.က ကျောင်း၌ Social Distancing နှင့်အညီ ကြေညာထားကြောင်း သိရှိရသည်။
Aug 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ Grade-4 (သင်ရိုးသစ်) နောက်ဆက်တွဲသင်တန်း ယနေ့ နံနက် ၈ နာရီတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Aug 10,2020
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွင် အသက် (၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 10,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ စနစ်တကျစီမံထားရှိနိုင်ရေး ဟားခါးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Aug 10,2020
ကိုကိုးကျွန်းမြို့နယ်အတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိစေရန်အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရန်အတွက် 
Aug 10,2020
လိုင်လင်းပီမြို့၌ မြစိမ်းရောင် စီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် MTP Hall ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 10,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ
Aug 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ၏ အောင်မြင်မှုစာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။