ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 17,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
Mar 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်း ခင်းသည့် လုပ်ငန်း များကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Mar 17,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ  အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန်  စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။
Mar 17,2020
ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကနီမြို့  မြို့နယ်အထွေထွေ အုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က တန့်ဆည်မြို့ မေတ္တာ မြိုင်ရပ်ကွက် အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။
Mar 17,2020
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပြည်သူများ လိုက်နာရမည့်  ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေး ဝန်ထမ်း များက ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော်၌  ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Mar 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ လျှပ်စစ်မီး မရ ရှိသေးသည့် ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ ဖေဖော်ဝါရီလမှ စတင်ကာ စွမ်းအားမြှင့်မီးဖိုများ ကွင်းဆင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။