မူဆယ် မတ် ၁၁
၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ် (၁၁)ရက်နေ့၌ မြန်မာနိုင်ငံတစ်နိုင်လုံး အတိုင်းအတာဖြင့် စတင်ဖြေဆိုခဲ့ပြီဖြစ်ရာ ယနေ့ စတင်ဖြေဆိုသည့် မြန်မာစာဘာသာရပ်နေ့တွင် မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့များရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ကျောင်းသူ(၄၅၁၁)ဦး ဝင်ရောက်ဖြေဆိုသည်။
ထိုသို့ စတင်ဖြေဆိုသည့်နေ့တွင် မူဆယ်မြို့၊ရှိ အမှတ်(၁)/(၂)/(၃) အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား/ ကျောင်းသူ (၁၃၃၁)ဦး ဝင်ရောက်ဖြေဆိုရာ ရှမ်းပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး ကျောင်းသား၊ကျောင်းသူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကြိုတင် ကာကွယ် နိုင်ရန်အတွက် ကျပ်(၁၂၀၀၀၀)တန်ဖိုးရှိ ပိုးသတ်လက်ဆေးရည် ဂျယ်ဗူး(၃၀)ဗူး သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ယခု ၂၀၁၉ -၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် မူဆယ်ခရိုင်အတွင်းရှိ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်များတွင် စာစစ်ဌာနပေါင်း (၉)ခုပြီး ကျောင်းသား၊ကျောင်းသူ (၄၅၁၁)ဦး ဝင်ရောက် ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သူ(၂၅၆)ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးထံမှ သိရသည်။
ကိုမိုင်း(ပြန်/ဆက်)