အမြို့မြို့အနယ်နယ်သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်​နေ့ မော်လမြိုင်မြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရား​တော်များ ရွတ်ဆို​ပူ​ဇော်ပွဲ တက်ရောက်

၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်နယ်သူ ပြည်နယ်သားများ ဥပဒ်ဘေးဒဏ်ရန်အသွယ်သွယ် အန္တရာယ်အဝဝကင်းစင်ပပျောက်စေနိုင်ရန်အတွက် မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပခဲ့ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး Samaritan`s Purse အဖွဲ့မှ လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာတွင် ရေသန့်စက်နှင့် အိမ်သုံးပစ္စည်းများလှူဒါန်းမှုနှင့် ပျဉ်းမနားမြို့တွင် သီရိလင်္ကာဆေးအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်‌တော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက (Shelter and Non-Food Item (NFI) Program Manager Michael Siney နှင့် အဖွဲ့မှ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ၌ ငလျင်ဒဏ်ကြောင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် ရေသန့်စက်တပ်ဆင်နေမှုအား ကြည့်ရှုအားပေးသည်။

မိုင်းပန်မြို့နယ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းထောင်မှ အကျဉ်းသား(၆၃)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၅) အရ ယမန်နေ့  မြန်မာ့နှစ်သစ်မင်္ဂလာအခါသမရ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂)ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ ဘယ်လင်းအမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၁)ဦးနှင့် ဘယ်လင်းအမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၂)ဦး စုစုပေါင်းအကျဉ်းသား(၆၃)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က ရာဇဝတ်ကျင့်ထုံး စည်းကမ်းချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ(၆)နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကံမမြို့၌ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၇- ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယမန်နေ့ ညနေ(၅)နာရီက ရွှေစည်းခုံစေတီ ကုန်းတော်ပေါ်ရှိ သဟပုညကာရီဓမ္မာရုံ၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် အသက်(၈၀)နှင့်အထက် သက်ကြီးဘိုး/ဘွားများအား သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သက်ကြီးပူဇော်ပွဲအခမ်းအနားကို ၁၃၈၇ ခုခုနှစ်၊ တန်ခူးလဆုတ်(၅)ရက်၊ ယမန်နေ့ နံနက်ပိုင်းက အသက်(၈၀)နှင့်အထက် သက်​ကြီးဘိုး/ ဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းဝေးခန်းမဆောင်တွင် သက်ကြီးဘိုး/ဘွား (၅၀) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကန်တော့ပွဲကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ထွန်းလင်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက အဆိုပါစေတီ တော်မြတ်ကြီး မြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ဝတ်တော်အတွင်း ကျင်းပသည်။

ကော့မှူးတွင် အသက် (၈၅) နှစ်အထက် အဘိုးဘွားအားပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူ‌ဇော်ပွဲများ ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင် ၊ကော့မှူးမြို့နယ်တွင် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ‌ဇော်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ဖ‌လေးချောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများ အထူးပင်များပြား

ယနေ့တွင်ကျရာက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုသ်သီလစောင့်တည်သူများ အထူးပင်များပြားလျက်ရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ