ရွှေဘိုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်

ရွှေဘို မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀နာရီက ခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းမှ ယခုလိုအသက်မွေးဝမ်းကျောင်း ပညာရပ်များကို တစ်စိုက်မတ်မတ် လေ့လာသင်ယူပြီး မိမိတို့အတွက် အလုပ်အကိုင် အခွင့်အများရရှိရေး ဆောင်ရွက်သွား ရန်ပြော ကြားခဲ့သည်။ ထို့နောက် ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ခမ်းအိအိဖြူမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ တစ်ဦးချင်းဝင်ငွေများ တိုးတက်ကာ ဆင်းရဲမှုလျော့ချစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဒေါ်တင်တင်မိုးနှင့် နည်းပြ(၂)ဦးတို့မှ ကလေးဝတ်၊ အမျိုးသမီးဝတ်(ရင်ဖုံး၊ ရင်စေ့၊ ထမိန်စကပ် အမျိုးမျိုး)တို့ကို သင်တန်းကာလ(၂လခွဲ)ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)