စစ်ကိုင်းတိုင်းဒေသကြီး

ကလေးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် “ဒို့အတူတူမဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ယနေ့နံနက် (၉)နာရီက ဗိုလ်ချုပ်လမ်းရှိ အ.ထ.က(၃) ကျောင်းရှေ့နှင့် မြို့မဈေး၊ လေဆိပ်ရှေ့နှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံစုံ ၂၀၁၁၄၉ ဧက စိုက်ပျိုးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညင်း၊ နေကြာနှင့်ပန်းနှမ်းစသည့် သီးနှံစုံ ၂၀၁၁၄၉ ဧကကို ယခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ မြေပဲ ၈၇၈၁၂ ဧက၊ နှမ်း ၉၅၇၂၄ ဧက၊ မုန်ညင်း ၅၃၈ ဧက၊ နေကြာ ၁၉၃၀ ဧကနှင့်ပန်းနှမ်း ၃၄၅၄ ဧက စုစုပေါင်း ၁၈၉၄၅၈ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် KTV စားသောက်ဆိုင်များ မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်  ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၁)ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်းရှိ KTV စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ကသာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်မဲကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ကသာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ကြိုတင်မဲပေးခြင်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင် ရွက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲလျာထားချက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲလျာထားချက် ထက်ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ် မြို့တွင်းသို့ ဒေသဇာရီကြွချီအပူဇော်ခံယူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်‌တော်မူသော ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ်မြို့တွင်းသို့ အပူဇော်ခံယူပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မင်းကင်းမြို့၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(အောင်ပွဲ) မြို့တွင်းသို့ လှည့်လည်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့အမှတ်(၂)ရပ်ကွက်၊ ကန်တော်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တတေဇနိယမွေးနေ့ ဝိဇ္ဇာဘမင်္ဂလာနှင့် ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအား လူပုဂ္ဂိုလ်ဆိုင်ရာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲမြို့တွင်းသို့ လှည့်လည်ရွတ်ဖတ်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး