မူဆယ်မြို့နယ်မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးပေးအပ်

မူဆယ် မတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးပေါ်ဒေသတို့မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်သည်။

မူဆယ်မြို့၊ စာစစ်ဌာန(၃)ခုတွင် မူဆယ်ခရိုင်၊ မြို့နယ်၊ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၈၀)ဦး လာရောက်ဖြေဆိုကြပြီး တန်ဖိုးငွေ(၁၂)သိန်းကို တစ်ဦးလျှင် တစ်သောင်းခွဲဖြင့် အသီးသီး ထောက်ပံ့ပေးအပ်သည်။ ထိုသို့ထောက်ပံ့ပေးအပ်ရာ၌ မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများရှိရာသို့ ကိုယ်တိုင်သွားရောက်ထောက်ပံ့ပြီး ကောင်းမွန်စွာ ဖြေဆိုနိုင်ရန်အတွက် အားပေးစကားများ ပြောကြားသည်။

(၂၀၁၉-၂၀၂၀)ပညာသင်နှစ်တွင် မူဆယ်မြို့၊ စာစစ်ဌာန(၃)ခုသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၃၃၁)ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြပြီး ကျောင်းသား၊ ကျောင်းသူများ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကျန်းမာရေးအထောက်အကူ ပစ္စည်းများအချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးအပ်ခြင်းနှင့် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းနိုင်ရေးကိုလည်း အမှတ်(၁၂၃)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)