လွိုင်ကော်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားမှု WCRD Campaign ပြုလုပ်

လွိုင်ကော် မတ် ၁၆

ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမိုကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်စည် ဝန်ဆောင်မှု ရယူရာတွင် မှန်ကန်စွာရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့လှုပ်ရှားမှု WCRD Campaign ကို ယမန်နေ့ နံနက် ၈ နာရီခွဲက လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး၌ ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုသည် ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်း ဦးဆောင်သော အဖွဲ့တို့က သီရိမင်္ဂလာစျေးအတွင်း စျေးရောင်းသူများ၊ စျေးဝယ်သူများအား စားသုံးသူဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ စားသုံးသူ အခွင့်အရေးဆိုင်ရာ ဆိုင်းဘုတ်ငယ်များကိုင်ဆောင်၍ အသိပညာပေးခြင်း၊ စတေကာကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလေး