လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရေဦး  ဇန်နဝါရီ  ၁

လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အကြီးတန်း ၊ အငယ်တန်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ရေဦးမြို့နယ် မန်ကျီးတောကျေးရွာ ဘိလိယက်ကစားရုံ၌ကျင်းပခဲ့သည်။

 အဆိုပါပြိုင်ပွဲသို့  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မာင်မြင့်တို့ တက်ရောက်၍   အားပေးဂုဏ်ပြုစကားများ‌ ‌ ပြောကြားခဲ့ပြီး  အကြီးတန်းအငယ်တန်း အဆင့်  ဘိလိယက်နှင့် စနူကာပြိုင်ပွဲအသီးသီးမှ ပထမ၊ ဒုတိယ၊  တတိယဆု ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်းသိရသည်။

သန်းသန်း   ( ရေဦး  )