ဘုတလင် ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ သွယ်တန်းထားရှိမှု ရှိ/မရှိ၊ Main Breaker များ တပ်ဆင်ထားမှု ရှိ/မရှိ၊ အသုံးပြုမှု ကြာမြင့်နေသည့် ဝါယာကြိုးဟောင်းများအား လဲလှယ်တပ် ဆင်ရေးတို့ကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှဘော်စံနှင့် လျှပ်စစ်ဝန်ထမ်းများက စစ်ဆေးအသိပညာ ပေးခဲ့ကြသည်။
ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအား ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးလှဘော်စံနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)