ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

ဖလမ်း ဖေဖော်ဝါရီ ၂၈

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖလမ်းမြို့ လူမှုဝန်ထမ်းမူကြိုကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး က ထောက်ပံ့ ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းသည်။ ထို့နောက် ဖလမ်းမြို့ နယ်အတွင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃)ကျောင်း၊ ဂေဟာ(၃)ခုနှင့် လူငယ်ရိပ်သာ (၄) ခုတို့ အား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)