အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေးဆွေးနွေး

ဖလမ်း ဖေဖော်ဝါရီ ၂၈

စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်းတို့ပူးပေါင်း၍ ဖလမ်းမြို့တွင်း အမှိုက်သိမ်းဆည်း ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေး ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်နေ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။

ရှေးဦးစွာ ဖလမ်းမြို့နယ်လောကအလင်းတာဝန်ခံ ဒေါ်ရွှေသန်းရီက အမှိုက် သိမ်းဆည်းရေးစနစ် စစ်တမ်းကောက်ယူမှုရလဒ်များကို ရှင်းလင်းပြီး တက်ရောက်လာကြသူများအား အဖွဲ့(၂) ဖွဲ့ဖြင့် ခွဲကာ “ဒီဆွေးနွေးတဲ့အထဲက ဘယ်အရာက တက်ရောက်လာသူတွေအတွက် အရေးကြီးလဲ၊ အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုပိုမိုကောင်းမွန်လာဖို့ လူထုက စည်ပင်ကို ဘာတွေ လုပ်ပေး စေချင်သလဲ၊ အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှု ပိုမိုကောင်းမွန်လာဖို့ လူထုကကော ဘာတွေ လုပ်ပေးနိုင်လဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လောကအလင်း ချင်းပြည်နယ် Project Manager ဦးကမ်ထန်းက အမှိုက် သိမ်းဆည်းရေးလုပ်ငန်းတွင် စည်ပင်နှင့် လောကအလင်းတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေအနေများကို ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)