ရေဦး ဖေဖော်ဝါရီ ၂၈
ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၉ နာရီက ဒုမီးသတ်ဦးစီးမှူးများဖြစ်သော ဦးအောင်ကိုနိုင်၊ ဦးသန့်ဇင်ဖြိုးနှင့် လက်ထောက် မီးသတ် ဦးစီးမှူးများ သန္ဓေတပ်ဖွဲ့၀င်များ အရန်မီးသတ်တပ်ဖွဲ့၀င်များသည် ၂၀၂၀ ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စာစစ်ဌာန၀န်းကျင်ရှိ ရပ်ကွက်ကျေးရွာများတွင် မီးဘေးကြိုတင် ကာကွယ်နိုင်စေရေး စစ်ဆေးခြင်း အကြံပြုခြင်းများကို အဖွဲ့နှစ်ဖွဲ့ခွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ်အနေဖြင့် ယခုနှစ်တက္ကသိုလ်၀င်စာမေးပွဲ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ရှစ်ထောင်ခန့်ရှိပြီး စာစစ်ဌာန ၁၅ ခုထိ သတ်မှတ်ထားကြောင်း၊ ပြီးခဲ့တဲ့နှစ်က စာစစ်ဌာန ၁၂ ခုထိ ထားရှိခဲ့ပြီး ယခုနှစ်မှာ သုံးခုထပ်တိုးထားရတယ်၊ ကျောင်းသားဦးရေကလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာသည့်အတွက် ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းစွာ စာဖြေနိုင်ဖို့အတွက် သဘာ၀ ဘေးအန္တရာယ် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေ ကြိုတင်စီစဉ်ထားသလို စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားများ ယာဉ်အန္တရာယ် မတွေ့ကြုံစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးတို့ကိုပါ ကြိုတင်စီစဉ်ထားပါတယ်၊ စာမေးပွဲဖြေဆိုမည့်ရက်တိုင်း စာစစ်ဌာနတွေအားလုံး လှည့်လည်ကြည့်ရှုပြီး လိုအပ်ပါက ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးသွားမည်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ကပြောသည်။
သန်းသန်း (ရေဦး)