မိုင်းလုံမြို့တွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်းစီမံကိန်း ဆွေးနွေးပွဲကျင်းပ

မိုင်းလုံ  ဖေဖော်ဝါရီ  ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ခန္တီရပ်ကွက် ဆုတောင်းပြည့်ဘုရား ကျောင်းတွင် ယမန်နေ့နေ့လယ် (၁၂) နာရီက မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းနှင့် စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်း နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

ရှေးဦးစွာ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုအသုံးပြုခြင်းဖြင့် ကျေးရွာများ၌ ထင်းသုံးစွဲလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ စွမ်းအားမြှင့်မီးဖို သုံးစွဲခြင်းဖြင့် ရရှိ လာမည့် အကျိုးကျေးဇူးများနှင့် အသုံးပြုပုံ နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာန၊ ကိုးရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ကိုးရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့၏ပူးပေါင်းစီစဉ်မှုဖြင့် မိုင်းလုံမြို့အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈)နှင့် အိမ်ထောင်စု (၄၆၆၁) ထံသို့ ပထမအကြိမ် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာ (ပြန်/ဆက်)