ဖာပွန်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပမည်

ဖာပွန်  ​ ဖေ​ဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှု​ရေးအသင်းအဖွဲ့များပူးပေါင်း၍ "ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်" ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ မတ်လ ၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းကို ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ​ဝေလင်း၊ မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ ဒေါက်တာငြိမ်းချမ်းမောင်​မောင်၊ သူနာပြု ဆရာမ ​ဒေါ်သီသီသင်းနှင့် သားဖွားဆရာမ ​ဒေါ်​နော်​စေး​နေမူးတို့က ဦး​ဆောင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊တိုး​ဝေဇင်(ပြန်/ဆက်)