ပုလဲမြို့နယ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး အတွက် မြေနေရာ သတ်မှတ်ရွေးချယ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုလဲ  ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၅၀ ကျော်ဖြင့် တစ်ထပ်ကျောင်းဆောင်သစ်များကို ဆောက်လုပ်မည်ဖြစ်ရာ ‌ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် က  မြို့နယ်ပညာရေးမှူး ပညာရေးမှူး ဦးဝင်းရွှေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းတို့သည် ပြည်ကမ္ဘာကျော်ကုမ္ပဏီမှ  တာဝန်ရှိသူများနှင့်အတူ ရွာသာ (ညို့တုံ) ကျေးရွာအုပ်စု၊  ရွာထင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ် ဆောက်လုပ်မည့်  မြေနေရာရွေးချယ် တိုင်းတာခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် ပညာရေးမှူးဦးဝင်းရွှေက “၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ခွင့်ပြုရန်ပုံငွေကျပ် ၃၂၅ ဒသမ ၄ သန်းဖြင့် ပုလဲမြို့နယ်၊ လယ်ဓမ္မကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အတွက် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ပေ ရှိ  အုတ်ညှပ်၊ သွပ်မိုး အမျိုးအစားတစ်ထပ် ကျောင်း‌ဆောင်သစ်၊ ကံပေါက် ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းအတွက် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်၊ ရွာထင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းအတွက်  အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်၊ ပန်းရွာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းအတွက် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်နှင့် အင်မထီးကျေးရွာ၊ အခြေခံပညာ အထက် တန်းကျောင်း (ခွဲ) အတွက်‌   အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်ကို တင်ဒါအောင်မြင်သည့် ပြည်ကမ္ဘာကျော် ကုမ္ပဏီက တာဝန်ယူ တည်ဆောက် ပေးမှာဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၂၇ ဒသမ ၉သန်းဖြင့် သေတ္တရာ ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းအတွက်အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ်၊ မင်းမ (အရှေ့) ကျေးရွာ ၊   အခြေခံပညာ အလယ်တန်းကျောင်းအတွက်   အလျား ၁၂၀ ပေ ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး   တစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ်၊ ကြောင်သန်း ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း အတွက် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ်အမျိုးအစား ကျောင်းဆောင်သစ်နှင့် ကိုင်းချောင်း တောတိုက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ်ကို တင်ဒါအောင်မြင်သည့် ဘုန်းမြတ်ဖြိုး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ပညာရေးမှူး ဦးဝင်းရွှေ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းတို့သည် ပြည်ကမ္ဘာကျော်ကုမ္ပဏီမှ တာဝန်ရှိသူများသည် ကံပေါက် ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ပန်းရွာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အင်မထီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းအုပ်ကြီးများ၊ ကျောင်း အကျိုး တော်ဆောင် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာရွေးချယ်တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်များ စတင်ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက ကျေးရွာများသို့ကွင်းဆင်း၍ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကျောင်းဆောင်သစ် ဆောက်လုပ် မည့် မြေနေရာရွေးချယ် တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြေနေရာရွေးချယ် တိုင်းတာခြင်းလုပ်ငန်း ပြီးစီးပါက ကျောင်းဆောင်သစ်များကို တင်ဒါ အောင်မြင်သည့်ကုမ္ပဏီများက ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

  မြင့်သိန်းစိုး (ပြန်/ဆက်)