စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကျွန်းလှ   ဇန်နဝါရီ  ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်းပိုင်းအား ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့်ကျောက်ရောမြေလမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါလမ်း (မိုင်၂၀/၁-၂၀/၄)ထိ သုံးဖာလုံနှင့် (မိုင်၂၅/၇-၂၆/၂ဒသမ၁၉၄)ထိ (၃ ဒသမ ၁၉၄)ဖာလုံ အား မူလ (၃ဒသမ၇)မီတာ (၁၂)ပေအကျယ်မှ (၅ဒသမ၅)မီတာ(၁၀)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း၊ နှင့် ထပ်ပိုးလွှာခင်းခြင်း၊ တစ်ဖက်သုံးပေအကျယ် ကျောက်ရော‌မြေလမ်းပုခုံးခင်းခြင်းတို့ကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာ နှစ်ခွင့်ပြု ရန်ပုံငွေကျပ်(၂၀၄ဒသမ၄)သန်းဖြင့် ရွှေဘိုဘုရင်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ