ကောလင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ်

ကောလင်း ဇန်နဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၌  ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးနှင့် ဒေါ်ဖြူဖြူဝင်းတို့က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း စည်းကမ်းမျာအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြဆရာ ဦးလှအောင်က သင်ကြားမည့် သင်ခန်းစာများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းအား ယွန်းအိုးကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ တောင်မော်ကျေးရွာ၊ အောင်ကုန်းကျေးရွာ၊ လွယ်မောက်တောင်ကျေးရွာ၊ ကြာအင်းကျေးရွာ၊ ခေါတောကျေးရွာ၊ နတ်ရေတွင်းကျေးရွာ၊ ဂွေးတောက်တောကျေးရွာ၊ ဝါးရုံးတုံးကျေးရွာ၊ အင်းမကျေးရွာတို့မှ သင်တန်းသား (၂၀)ဦးတို့က တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ (၁)လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မြင့့််ထွန်းမင်း(ပြန်/ဆက်)