ကျွန်းလှမြို့နယ်တွင် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့ဥပဒေ၊ နည်းဥပဒေများ လိုက်နာကျင့်သုံးရေး နည်းပညာပေး သင်တန်းဖွင့်

ကျွန်းလှ  ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့ဥပဒေ၊ နည်းဥပဒေ လိုက်နာကျင့်သုံးရေး သင်တန်းကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲရေး၊ မြေဩဇာဥပဒေနှင့် ဥပေဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မျိုးစေ့ဥပဒေအကြောင်းတို့ကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ခံများက ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီ က ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့ရောင်းချသူများ တက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)