ဘားအံမြို့မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှါးရမ်းပေးပြီး ဟောပြောပွဲများ ဆောင်ရွက်ပေး

ဘားအံ  ဖေဖော်ဝါရီ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ် ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)ရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေး(၁/၂၀၂၀)သင်တန်းမှ  သင်တန်းသားများအား စိတ်ဓါတ်ခွန်အားရရှိစေရေး အသိပညာဗဟုသုတများရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးပြီးအသိပညာပေး ဟောပြောခြင်းများကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ ဘားအံစက်မှုဇုန်အနီးရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဘားအံခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းတို့က သင်တန်းသားများအား စိတ်ဓါတ်ခွန်အားနှင့် ဗဟုသုတရရှိစေသော စကားများနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာ ပေးဟောပြောပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

အလားတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သင်တန်းသားများ လက်ဝယ် အရောက် စာအုပ်စာစောင်များ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)