မိုင်းယောင်း မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ် ပြဘုတ်တွင် ယနေ့ ပြသထားကြောင်း သိရသည်။
ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာ ဖုံးအုပ်ရန်၊ တိရစ္ဆာန်များနှင့် အရာဝတ္ထုများကို ကိုင်တွယ် ထိတွေ့ပါက လက်ကိုသန့်စင်အောင် မကြာခဏဆေးကြောပေးရန်၊ အပြင်သို့သွားလာပါက နှာခေါင်းစည်း (Mask)ကို လုံခြုံစွာတပ်ရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားပါက အမြန်ဆုံး စမ်းသပ်ကုသရန်စသည့် အသိပညာပေး နံရံကပ်စာစောင်များကို အများပြည်သူ သိသာမြင်သာသည့် မြေစိုက်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)