ကလေးငယ်များအား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ

မံစီ    ဇန်နဝါရီ     ၃

ကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ မံစီမြို့ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့ မွန်းလွဲ  ၂ နာရီက ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်ခေါင်က အမှာစကား ပြောကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ကျောင်းအတွက် မီးသတ်ဆေးဘူး ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါန်ဒင့် က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးများကို ဂိမ်း(ကစားနည်း) ပုံစံပြု လုပ်ထားသည့်  ဂိမ်းကစားနည်း (၁၀) မျိုးကို  ခန်းမနှင့် ခန်းမရှေ့ကွင်းပြင်၌ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များက ကစားခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ပါဝင်သူများအနေဖြင့် လေ့ကျင့်မှုအတွင်း ဘေးအန္တရာယ်ကာကွယ်ရေး အတွေ့အကြုံများနှင့် အသိပညာများရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)