ကျီခါး မတ် ၁၉
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျီခါးမြို့ပေါ်ရပ်ကွက်များ၌ အိမ်တိုင်ရာရောက် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ကျီခါးမြို့တိုက်နယ်ဆရာဝန် ဒေါက်တာထန်ဆန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျီခါးမြို့ပေါ် ရပ်ကွက် နေအိမ်များနှင့် အစိုးရရုံးဌာနများတွင် မတ်လ(၁၈)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ (၂) ရက်တာ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)