လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်

 

မိုင်းယောင်း    ဇန်နဝါရီ     ၃

မြန်မာပြည်အရှေ့ဘက်အစွန်ဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့တွင် မီတာ ၅၀/၇၅/၁၀၀ အပြေး၊ အာလူးကောက်၊ ပူဖောင်းဖောက်၊ သုံးချောင်းထောက်၊ စုံခုန်၊ အိတ်စွပ်၊ အပ်နဖားထိုး၊ မီးထွန်း၊ စကောရွက်ပြိုင်ပွဲနှင့် ဆုပေးပွဲကို မြို့မအားကစားကွင်း၌လည်းကောင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မြို့မအားကစားရုံ၌လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မြို့မဘောလုံးကွင်း၌လည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)