ခန္တီးမြို့၌ နှစ်(၃၀)ပြည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ခန္တီး ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ကို ၁၉၉၀ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ် (၃၀) ပြည့်မြောက် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ သုံးရက်တိုင် နာဂရိုးရာကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် နာဂရိုးရာကွင်းအဝင်မုခ်ဦးဖွင့်လှစ်ခြင်း၊ တံခွန်တိုင်စိုက်ထူခြင်း၊ ဆုတောင်းတိုင်စိုက်ထူခြင်းနှင့် အားကစားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် နာဂရိုးရာအခမ်းအနားကျင်းပခြင်း၊ ညနေ ၆ နာရီတွင် မီးပုံပွဲဖွင့်လှစ်ခြင်းနှင့် ရိုးရာယဉ်ကျေးမှု အကပွဲများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် နာဂမျိုးနွယ်စုများမှ ရိုးရာဝတ်စားဆင်ယင်မှုများဖြင့် ပြသတင်ဆက်ခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေတင် ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)