ဘုရားသုံးဆူမြို့၌ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုပြုလုပ်

ဘုရားသုံးဆူ  မတ် ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ် ၁ ရပ်ကွက်ရှိ Check point နေရာဟောင်း၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းအဖွဲ့မှ မြန်မာ - ထိုင်း နှစ်နိုင်ငံနယ် စပ်ဖြတ်သန်းသွားလာသူများအား ကိုရိုနာဗိုင်းရပ်စ် ကိုယ်အပူချိန်တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့နံနက် (၇) နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

အလားတူ ယနေ့နံနက် (၇) နာရီမှ (၇) နာရီ ခွဲအချိန်အထိ တစ်ဘက်နယ်စပ် ထိုင်းနိုင်ငံ စံခလပူရီစီရင်စု ကျယ်ဒီဆန်အုန်းရွာ Check point နေရာ၌ ကျယ်ဒီဆန်အုန်းရွာ ဆေးခန်းတာဝန်ခံ နိန်ဖိုင်ထွန်းနှင့်အဖွဲ့သည် နယ်စပ်ဖြတ်သန်းသွားလာသူများအား ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်သူဟိန်း