စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်

မိုင်းဆတ် ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်) (အဆုတ်ရောင်ရောဂါ)ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ကျန်းမာရေး အသိပညာပေးဆွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာသိန်းထွန်းအောင်က လက်ရှိကာလတွင်ဖြစ်ပေါ်နေသော ကိုရိုနာ ဗိုင်းရပ်(စ်)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အဖြစ်များကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထား ဆောင်ရွက်ပါက ကူးစက်နိုင်မှု နည်းပါးကြောင်း၊ ဗိုင်းရပ်(စ်)ရောဂါပိုးများသည် အေးသောရာသီဥတုတွင် အများဆုံးဖြစ်ပွားကြောင်း နှင့်ရောဂါပိုးမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းကြပြီး မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)