တီးတိန် ဖေဖော်ဝါရီ ၂၇
ချင်းပြည်နယ် တီးတိန်မြို့တွင် ဖလမ်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရှိ စျေးဆိုင်များ၊ ဆေးဆိုင်များအား နိုင်ငံပိုင် သတင်းစာပါ စားသုံးရန်မသင့်သော အစားအသောက်များနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် အန္တရာယ်ကင်း စားသောက်ကုန်များ ရောင်းချနိုင်ရေး ပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ရက်လွန် ဆေးဝါးများ (၄၆)မျိုး ကာလတန်ဖိုးကျပ် ၁၄သိန်းခန့်အား စည်ပင် အမှိုက်ပစ်သည့် နေရာ၌ မီးရှို့ဖျက်ဆီးကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)