လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့က ဖလမ်းမြို့နယ် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

ဖလမ်း ဖေဖော်ဝါရီ ၂၇

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွက် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း (Flood and Landslides Emergency Recovery Project, FLERP) တွင်ပါဝင်သော ချင်းပြည်နယ်၊ ကလေး-ဖလမ်း-ဟားခါးလမ်း လမ်းအဆင့်မြှင့် တင်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့၊ International Environmental and Social Safeguard Specialist  ၊ National Social Safeguard တို့နှင့် ဖလမ်းမြို့နယ်ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ က ဖလမ်းမြို့ Chin Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ)၊ စီမံကိန်းဒါရိုက်တာ ဦးမြင့်ဦး၊ ကမ္ဘာ့ဘဏ်အဖွဲ့မှ Martin Fodor (Senior Social Development Specialist) တို့က ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည်များ ​မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

တလွန်းအာ(ပြန်/ဆက်)