(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြု ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ကောလင်း ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌  ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မင်းချမ်းအခြေခံပညာအထက်တန်းကျောင်းရှေ့အားကစားကွင်း၌ ယနေ့ နံနက် ၁၀နာရီက  ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ပြီး ဇန်နဝါရီလ ၄ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မင်းချမ်းအခြေခံပညာအထက်တန်းကျောင်းရှိ ကလေးသူငယ်များက အားကစားနည်းများဖြစ်သော တာဝေး/ တာနီး၊ အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ ဆန်းကောရွက်ပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲများ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)