ချင်းရွှေဟော်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

ချင်းရွှေဟော်  ဇန်နဝါရီ  ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ တွင်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာကို ချင်းရွှေဟော်မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က ဖတ်ကြားသည်။

ထို့နောက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားသို့   တက်ရောက်လာကြသူများကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့   အထိမ်းအမှတ်  “သတင်းစကား”လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း  သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)