ကျေးသီး ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ နောင်ဆွမ်းကျေးရွာတွင် ယမန်နေ့ည (၁၁)နာရီ (၂၀) မိနစ်ခန့်က ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဖရောင်းတိုင်ဖြင့် ဘုရားမီး ပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ ကျေးသီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စခန်းမှူး ဦးဆောင်သော အဖွဲ့ဝင်များမှ အုပ်ချုပ်မှု ယာဉ်(၁)စီး၊ မီးငြှိမ်းသတ် ယာဉ်(၂) စီးတို့ဖြင့် သွားရောက်ခဲ့ပြီး ဒေသခံပြည်သူ့များနှင့် အတူ ဝိုင်းဝန်း မီးငြှိမ်း သတ်ခဲ့ရာ (၁၂)နာရီ၊ (၁၅)မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့်ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဥမ္မာကျော်(ကျေးသီးပြန်/ဆက်)