ညောင်ရွှေ ဇန်နဝါရီ ၄
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ မိနစ် ၂၀က ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပရာ ဂုဏ်ပြု တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလေးပြုခဲ့ကြသည်။
ဆက်လက်၍ လွတ်လပ်ရေးနေ့အခမ်းအနားကို နံနက် ၇ နာရီတွင် လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ဖတ်ကြားသည်။
ထို့နောက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲ တို့တွင် ဆုရကျောင်းသား၊ ကျောင်းသူများကို တာ၀န်ရှိသူများက ဆုချီးမြှင့်ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)