တန့်ယန်းမြို့နယ်တွင် စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပ

တန့်ယန်း  ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရွှင်ချမ်းလုံကုမ္ပဏီလီမိတက် Mother's Love  လက်ဖက်ခြံ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ အင်္ဂလိပ်စာ ဆရာကြီးဦးမြကြိုင် M.A(English)(Thesis)  New Delhi က ''စာဖတ်ခြင်းအကျိုး'' ခေါင်းစဉ်ဖြင့် စာပေဟောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ''စာဖတ်ခြင်းအကျိုး'' စာပေဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ စာပေကို ချစ်မြတ်နိုးကြသည့် စာဖတ်ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့မှ အင်္ဂလိပ်စာ ဆရာကြီး ဦးမြကြိုင် M.A(English)(Thesis)  New Delhi က စာဖတ်ခြင်းအကျိုးကျေးဇူးများကို တိုးတက်နေသော ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေး၊ လူမှုရေးအကြောင်းများနှင့် နှိုင်ယှဉ်၍ ဟောပြောခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)