ကွမ်းခြံကုန်း ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်း မြို့နယ်တွင် ခရိုင်(၈)မြို့နယ်လုံးဆိုင်ရာ သုဓမ္မာနိကာယဝိနည်းစာတော်ပြန်ပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဇာတိမာန်ခန်းမကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ(၈)မြို့နယ် ဝိနည်းစာပြန်ပွဲတော်ကြီးအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ မြို့လယ်ရှိဇာတိမာန်ခန်းမကြီးတွင် ကျင်းပသွားမည်ဖြစ်ပြီး ဗုဒ္ဗသာသနာတော်၏ အသက်ဖြစ်သော ဝိနည်းဒေသနာတော်များ တည်တံ့ ပြန့်ပွားရေးအတွက် သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ သံဃာတော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အလှူရှင်များမှ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဥူးအာစိဏ္ဏ၏ ဩဝါဒကိုခံယူ၍ ဝိနည်းစာပြန်ပွဲတော်ကြီး ကျင်းပရာတွင် စနစ်တကျရှိရေး၊ လုပ်ငန်းအဆင့်ဆင့်အဆင်ပြေ ချောမွေ့စေရေးနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်များ ကြည်ညိုသဒ္ဒါပွားများနိုင်စေရန် ဆရာဒကာ လက်တွဲ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)