ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

မံစီ    ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းကြီးကြပ်ရေးကော်မတီအဖွဲ့တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရန်နှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ရာ မံစီမြို့နယ်အတွင်းမှ သင်တန်းသား (၅၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)