လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း(၁/၂၀၂၀)ဖွင့်လှစ်

မိုင်းရယ်    ဇန်နဝါရီ     ၆

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် မီးသတ်စခန်း ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးမှူးဦးဝေဖြိုးလွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို မိုင်းရယ်မြို့ပေါ် ရပ်ကွက်(၃)ခုနှင့် ဟိုယကျေးရွာတို့မှ သင်တန်းသား(၅၀)ဦး တက်ရောက်မည် ဖြစ်ပြီး မီးသတ်လုပ်ငန်းစဉ်ဆိုင်ရာများ၊ ရှာဖွေ ကယ်ဆယ်ရေးဘာသာရပ်များ၊ မီးသတ်ပညာ များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကာလမှ ဇန်နဝါရီလ(၆) ရက်နေ့မှ (၃၁)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

ခင်မာလာ