သံတောင်ကြီး ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီး (အထက) ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်တို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် ပညာရေးမှူး တာဝန်ခံ ဦးစောသာဒူးက ဂုဏ်ပြုအမှာစကားနှင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ကာယ ဉာဏ စွမ်းရည် ပြိုင်ပွဲ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
Holy(ပြန်/ဆက်)