ဘုတလင် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြ၀တီခန်းမ၌ ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းတွင်းစာပေဟောပြောပွဲကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ စာရေးဆရာ ဦးဇော်ခိုင်ဦး၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက လွှတ်တော်၏အခန်းကဏ္ဍမှ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဦးဇော်ခိုင်ဦးက ပျော်စေ၊ ရွှင်စေ၊ အသိဉာဏ်ပညာထက်မြက်စေ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ကျောင်းတွင်းစာပေဟောပြောပွဲများကို ဇန်နဝါရီလ (၆) ရက်နေ့တွင် အထက(ခွဲ) ချောင်းမီးတိုကျေးရွာနှင့် အထက (ခွဲ) တော်ဦးဘကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ အထက (ခွဲ) ကံသာကျေးရွာ၊ အထက (ခွဲ) ရွာသစ်-ရွှေလက်ကျေးရွာ၊ အထက ဝက်ရဲကျေးရွာ၊ အထက (ခွဲ) ယုန်လှေးကုန်းကျေးရွာ၊ အထက မြို့ပေါ်ကျေးရွာ၊ အထက(ခွဲ) ကင်းစမ်းကျေးရွာနှင့် အထက ငပယင်းကျေးရွာတို့တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)