ကလောမြို့နယ်၊ မြောက်မြေခြားကျေးရွာ၌ နွေရာသီရေရှားပါးမှု မဖြစ်ပေါ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကလော   ဖေဖော်ဝါရီ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်   မြောက်မြားခြားကျေးရွာ၌ နွေရာသီ ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကျေးလက်ဒေသဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ ရှမ်းပြည်နယ် ကျေးလက်ဒေဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်ကျေးလက်ဒေသ ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူနှင့် ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ကျေးရွာနေပြည်သူများ နွေရာသီကာလများ၌ ရေရှားပါးမှုပြဿနာများ မဖြစ်ပေါ်စေရေး အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ခရိုင်ကျေးလက်ဒေသဦးစီးဌာနတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်း ၏ အကျိုးပြုချက်မှာ မြောက်မြေခြားကျေးရွာရှိ အိမ်ခြေ ၁၅၀၊ လူဦးရေ ၅၆၅ ဦးအတွက် အလျား ၄၀ အနံ ၂၀ ပေ အမြင့် ၅ ပေ ရှိ ယာယီရေစုကန် တည်ဆောက်ပြီး သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)