သီပေါ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန် အဆုတ်ရောင်ရောဂါအကြောင်း သိရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီ က သီပေါမြို့နယ် ပန်မိတ်ကျေးရွာ အုပ်စု၊ ပန်မိတ်ကျေးရွာသို့ ကွင်းဆင်း ဟောပြောခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင် ကာကွယ်ခြင်း နည်းလမ်းများ၊ ရောဂါမဖြစ်ပွားအောင် ရှောင်ရန်/ဆောင်ရန် နည်းလမ်းများနှင့် ရောဂါမကူးစက်နိုင်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပန်မိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနန္ဒိယက ရှမ်းဘာသာဖြင့် ထပ်မံ ရှင်းလင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ပြသထားသော ကိုရိုနာဗိုင်းရပ်(စ်) အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကျေးရွာနေ ပြည်သူများက စိတ်ဝင်တစား ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ခင်လေး (ပြန်/ဆက်)