ကနီ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားရပြီး ယခု ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း အလောင်းတော်ကဿပဘုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ ဘုရားဖူးရာသီလမ်း ယာယီပိတ်ထားပြီး ဇန်နဝါရီလ ၇ ရက်နေ့ ပြန်ဖွင့်သည်နှင့် ဘုရားဖူး အတက် အဆင်းကားများ အန္တရာယ်မရှိစေရေးအတွက် အလောင်းတော်ကဿပဘုရား ဘုရားဖူးကား အသင်းများနှင့် တွဲကာ ကားများကို တစ်စုတစ်စည်းတည်း အတက်အဆင်း ဆောင်ရွက်ပေးကြောင်း အလောင်းတော် ကဿပဘုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောပြသည်။
သန်းဌေးအောင် (ကနီ)