သက်ငယ်မုဒိမ်း မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲ မုတ်စီကျေးရွာ၌ ကျင်းပ

ရေဦး  ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့မ ရဲတပ်ဖွဲ့စခန်းနှင့် ရှောက်ရေးအသင်းတို့   ပူးပေါင်းစီစဉ်ကျင်းပသော သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက မုတ်စီကျေးရွာ ဘုန်းတော်ကြီးကျောင်း မဟာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရေဦးမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဦးခိုင်လင်းစိုး  ကသက်ငယ်မုဒိမ်းမှု   ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ သက်ငယ် မုဒိမ်းမဖြစ်ပွား မပေါ်ပေါက်စေရေး မိဘများ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များ ကိုလည်းကောင်း၊   မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌဒေါ်အေးအေးကျော့က  မိခင်နှင့် ကလေးကျန်းမာရေး   အရေးကြီးပုံနှင့် သားကောင်းမိခင်စိတ်ထားရှိ မွေးမြူ‌စေရေး ပြုစုပျိုးထောင် လေ့ကျင့်ပေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး )