ရှမ်းရွာသစ် ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့နံနက် (၇) နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းကို ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြပြီးနောက် မြို့ရှိဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူ များက အမှိုက်များနှင့် ခြုံနွယ်များကို ရှမ်းရွာသစ်မြို့အဝင်လမ်းမှစ၍ လမ်းဘေးဝဲ/ယာ၊ တိုက်နယ်ဆေးရုံနှင့် အခြေခံ ပညာ အထက်တန်းကျောင်းဝင်းတို့၌ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ စည်းကမ်းမဲ့အမှိုက်များကို စွန့်ပစ်ခြင်းသည် မြို့၏သန့်ရှင်းသာယာလှပမှုကို အကျည်းတန်သည့်အပြင် ပြည်သူများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည့်အတွက် စည်းကမ်းတကျ စွန့်ပစ်ရန် ဒေသနေပြည်သူများလည်း အမှိုက်များကို စနစ်တကျ စွန့်ပစ် တတ်ရန်တို့ကို ရည်ရွယ်၍ ယခုလိုသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
ဇင်လေး(ပြန်/ဆက်)