တောင်ကြီးမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း၊ စန်းစန်းဘုံ ကျောင်းခန်းမ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း၊ စန်းစန်းဘုံ ကျောင်းခန်းမ၌  ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီတွင် စန်းစန်းဘုံ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းနားကို အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများက ဆုနှင်းသဘင်ပွဲတော် ဒို့ နွှဲပျော် သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် ခရိုင် ပညာရေးမှူး ဦးစန်းယု ပညာရည်ချွန်ဆုပေးပွဲပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ကျောင်း အကျိုးတော်ဆောင် ဦးခွန်မောင်သော်နှင့် အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းရီတို့က ကျေးဇူးတင်စကားပြောကြားသည်။ အမှတ်(၁၄) အခြေခံပညာ အလယ် တန်းကျောင်း၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာပြည် အက ဖြင့်ဖျော်ဖြေတင်ဆက်ပြီး စံပြကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင် သန်းမောင် က စံပြ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြု လက်မှတ် များကိုချီးမြှင့်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်းမှ စံပြကျောင်းသား/ကျောင်းသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကိုတစ်ဦးချင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)